ကျောင်းမှာ နန္ဒာလှိုင်မရောက်ခင် စောရောက်ခဲ့လို့ Queen ရခဲ့တာ ဆိုတဲ့ ခိုင်သင်းကြည်

Facebook မှာ Live လွှင့်ပြီး ပရိသတ်နဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောတက်တဲ့ ခိုင်သင်းကြည်ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုအကြောင်းလေးကို ပရိသတ်တို့ သိအောင် ပြောပြပေးချင်ပါတယ်။

Live လွှင့်ဖြစ်တဲ့ အကြောင်းကတော့ ဘာမှတော့ ထွေထွေထူးထူးမရှိပါဘူး။ ဒီိလိုပဲ ပရိသတ်နဲ့ပြောချင်လို့ လွှင့်ဖြစ်တာ။ ရန်ကုန်မှာကျတော့ အလုပ်တွေမအားတာတဲ့ မလွှင့်ဖြစ်ဘူးလေ။ အခုက နယ်မှာ ကားရိုက်ပဲရှိတော့ တခြားလုပ်စရာလဲမရှိတော့ ပရိသတ်နဲ့စကားပြောချင်လို့လဲပါတာပေါ့။

ရန်ကုန်မှာက စီးပွားရေး၊ လူမှုရေး၊ သာရေး၊ နာရေး အဲ့ဒါတွေလုပ်နေရတာနဲ့ မအားလပ်တော့ ပရိသတ်နဲ့စကားမပြောဖြစ်ဘူးလေ။

အခုက ကားရိုက်နေရင်းကိုယ့်အခန်းမပါတဲ့အချိန် နားရင်း မအေးသောင်းနဲ့ သူ့ပရိသတ်ကိုယ့်ပရိသတ် ပေါင်းပြီး စကားပြောဖြစ်တာပါ။ ပရိသတ်နှစ်စုပေါင်းသွားတော့ပိုပျော်ဖို့ကောင်းသွားတာပေါ့။ ပြီးခဲ့တဲ့ တလောက အူဝဲနဲ့ လွှင့်ဖြစ်တုန်းကလည်း ဒီလိုပဲရီနေရတာပါပဲ။

ကိုယ်နဲ့သိတဲ့သူတွေနဲ့ပဲ လွှင့်ဖြစ်တော့ ပိုပျော်ဖို့ကောင်းတာပေါ့။ ပေါက်စီနဲ့ကလည်း ငယ်ငယ်ထဲကတူတူရိုက်လာတာပါ။ အခုက ကားရိုက်ရင်း တူတူသွား၊ တူတူစားဆိုတော့ ပိုပြီးရင်းနှီးသွားတာပေါ့။

အရင်တုန်းကတော့ ကြော်ငြာလောက်ပဲ သူနဲ့ရိုက်ဖူးတာပေါ့။ အဲ့တုန်းက ကလေးဆိုတော့ ကိုယ့်ကို ရှိန်နေတာလည်း ရှိမှာပါ။ အခုကလက်ပွန်းတတီးရှိနေပြီဆိုတော့ ပျော်ပျော်ရွှင်ရွှင် ကားရိုက်ကြတယ်။

Live လွှင့်ရင်းပြောဖြစ်တဲ့ Chemistry မေဂျာကသူတွေချောတဲ့အကြောင်းကတော့ ဟုတ်တယ်ရှင့်။ ကိုယ်လည်း Chemistry မေဂျာကပဲလေ။ မယုံရင် နန္ဒာလှိုင်ကို ကြည့်ပါလား။သူလည်း Chemistry မေဂျာကပဲလေ။

live ကလွှင့်ချင်တဲ့အချိန် လွှင့်လိုက်တာပါပဲ။ ဘာပြောချင်တယ်ဆိုတော့ ရည်ရွယ်ချက်တော့မရှိပါဘူး။ First year တုန်းက ကိုယ့်ကကွင်းလေ။ နန္ဒာလှိုင်က Second year ကျမှရောက်လာတာ။ သူနောက်မှရောက်လာလို့ မဟုတ်ရင်ကိုယ်ဘယ်ရမလဲ။ ကံကောင်းသွားတာပေါ့။

သူရှိရင် ကိုယ်မရဘူးလေ။ နန္ဒလှိုင်တို့ကျတော့ မမှီပါဘူး။ သူတို့ကလှတာပေါ့။ မခိုင်တို့ကလှတဲ့ထဲမပါပါဘူး။ လူကနေပေမယ့် အသက်ကမနေပါဘူးနော်…ဆိုပြီးပြောပြသွားခဲ့ပါတယ်။